Thursday, April 3, 2014

၁၇။ နှုတ်ဆိတ်နေလျှင်



ဟဇရသ် အဗ်ဒွလ္လာဟ်ဗင်န်အမ်ရ်(ရသွေ့)က ဆင့်ပြန်ခဲ့သည် တမန်တော်မြတ်(ဆွ) အမိန့်ရှိတော်မူသည်။ အကြင်သူသည် နှုတ်ဆိတ်နေလျှင် ထိုသူသည် လွတ်မြောက်အောင်မြင်သွားသည်။

ရှင်းလင်းချက်။   ။ ဆိုလိုသည်မှာ အကြင်သူသည် မကောင်းသော စကားနှင့် အလဟဿ အချည်းနှီးသော စကားများပြောဆိုခြင်းမှ ရှောင်ကြဉ်ခဲ့လျှင် ထိုသူသည် ဒွန္နယာနှင့်အာခိရသ်နှစ်ဌာနစလုံး၏ ပြဿနာများ၊ဘေးဒုက္ခများနှင့် ဆုံးရှူံးနစ်နာမှုအလုံးစုံမှ လွတ်မြောက်မှုရရှိမည်။ အဘယ်ကြောင့်ဆိုသော် ဘေးဒုက္ခများနှင့် အန္တရာယ်များ၌ နစ်မြှုပ်နေသော လူသားများ ထိုသို့ခံစားနေရမှု၏ အကြောင်းခံသည် အများအားဖြင့် နှုတ်လျှာ၏ မဆင်ခြင်မှုများကြောင့်ဖြစ်ရပေသည်။ (မစ်ရ်ကာသ်)

Wednesday, March 12, 2014

၁၆။ အထူးသနားကြင်နာတော်မူပါစေ

ဟဇရသ် ဟစန်(ရဟ်မသွလ္လာ အလိုင်း)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွ) ၏ ဟဒီးဆ်တော်တစ်ပုဒ်ကို ကျွန်ုပ်ကြားသိခဲ့သည်။ တမန်တော်မြတ်(ဆွ) အမိန့်ရှိတော်မူသည်မှာ အလ္လာဟ်(စွဗ်ဟာနာသအာလာ)သည် အကြင်ပုဂ္ဂိုလ်အား အထူးသနားကြင်နာတော်မူပါစေ။ ထိုသူသည် ကောင်းသောစကားများကို ပြောဆိုခြင်းအားဖြင့် ဒွန္နယာအာခိရသ် နှစ်ဌာန စလုံး၌ အကျိုးအမြတ်ခံစားရလေသည်။ သို့မဟုတ်က နှုတ်ဆိတ်နေခြင်းအားဖြင့် မိမိနှုတ်လျှာ၏ ချွတ်ချောမှုများမှ လွတ်မြောက်သွားသည်။

Tuesday, March 11, 2014

၁၅။ နဖူးစာ​ကောင်းခြင်းနှင့်​နဖူးစာဆိုးခြင်း

ဟဇရသ်​အဒီဗင်​န်​ဟာသင်​မ်​(ရ​သွေ့)ကအမိန့်​ရှိသည်​။တမန်​​တော်​မြတ်​ (ဆွ)အမိန့်​ရှိ​တော်​မူသည်​မှာလူသားအဖို့နဖူးစာ​ကောင်းခြင်းနှင့်နဖူးစာဆိုးခြင်းသည်​ထိုသူ၏​မေးရိုးနှစ်​ခုကြားတွင်​ရှိသည်​။(ဆိုလိုသည်​ မှာနှုတ်​လျှာကို​ကောင်းမွန်​မှန်​ကန်​စွာအသုံးချခြင်းသည်​နဖူးစာ​ကောင်းခြင်းနှင့်​နှုတ်​လျှာကိုလွဲမှားစွာအသုံးချခြင်းသည်​နဖူးစာဆိုးခြင်း၏​ ကြောင်းခံများဖြစ်​သည်​။) (သစ်​ရ်​​မေဇီ)

၁၄။ အစ္စသစ်​ဂ်​ဖာရ်

ဟဇရသ်​ဟုဇိုင်​ဖဟ်​(ရ​သွေ့)ကအမိန့်​ရှိ​သည်​။ကျှနု​ပ်​သည်​မိမိနှုတ်​ လျှာဖြင့်​မိမိအိမ်​သူအိမ်​သားများကိုများစွာမ​ကောင်း​ပြောဆို​ လေ့ရှိခဲ့သည်​။ထို့​ကြောင့်​ကျွနု​ပ်​သည်​တမန်​​တော်​မြတ်​ (ဆွ)ထံပါး၌ကျွနု​ပ်၏နှုတ်​လျှာသည်​ကျွနု​ပ်​ကိုဂျဟန္နမ်​သို့ဆွဲချသွားမည်​ ကိုအလွန်​​ကြောက်​ရွံ့​နေပါသည်​ဟု​လျှောက်​ထားရာတမန်​​တော်​မြတ်​(ဆွ)ကအသင်​ သည်​အစ္စသစ်​ဂ်ဖာရ်​(​တောင်းပန်​မှု)ကိုမည်​သည့်​​နေရာ၌ထားလိုက်​သနည်း။(ဆိုလိုသည်​မှာအစ္စသစ်​ဂ်​ဖာရ်​အဘယ်​​ကြောင့်​မပြုသနည်း)ဤသို့ဖြင့်​အသင်​ ၏နှုတ်​လျှာ၏ပြုပြင်​မှုရနိုင်​မည်​။ကျွနု​ပ်​ကိုယ်​တိုင်​သည်​​နေ့စဉ်​ အစ္စသစ်​ဂ်​ဖာရ်​(၁၀၀)ဖတ်​​လေ့ရှိသည်​။(အဟ်​မဒ်​ကျမ်း)

၁၃။ နှုတ်​လျှာ၏အာကြမ်းလျှာကြမ်းမှု

 ဟဇရသ်​အတ်​စ်​လမ်​(ရဟ)ကဆင့်​ပြန်​ခဲ့သည်​။ဟဇရသ်​အဗူဗကရ်​(ရ​သွေ့)သည်​ မိမိနှုတ်​လျှာကိုဆွဲကိုင်​​နေသည်​ကိုဟဇရသ်​အုမရ်​(ရ​သွေ့)က​တွေ့မြင်​​ သောအခါအလ္လာဟ့်​ရစူလ်​၏ခလီဖဟ်​၊အသင်​ဤအမှုကိုအဘယ်​​ကြောင့်​ပြု​နေပါသနည်းဟု​ မေးမြန်းရာဟဇရသ်​အဗူဗကရ်​(ရ​သွေ့)ကဤနှုတ်​လျှာသည်​ပင်​ကျွနု​ပ်​အားပျက်​ စီး​စေမည့်​အမှုကိစ္စများ၌နစ်​မွန်း​စေရန်​ဆွဲ​ခေါ်​လေ့ရှိသည်​။တမန်​​တော်​ မြတ်​(ဆွ)အမိန့်​ရှိ​တော်​မူသည်​မှာနှုတ်​လျှာ၏မ​ကောင်း​ပြောဆိုမှု(အာကြမ်းလျှာကြမ်းမှု)နှင့်​ပတ်​သက်​၍ပြစ်​တင်​​ဝေဖန်​ခြင်းမပြုသည့်​ကိုယ်​ ခန္ဓာအစိတ်​အပိုင်းဟူ၍မရှိ​ပေ။(ဗိုင်​ဟကီ)

၁၂။ ​ကောင်း​သောစကားသာ​ပြောဆိုပါ

ဟဇရသ်​အတ်​စ်​ဝဒ်​ဗင်​န်​အဆွ်​ရမ်​(ရ​သွေ့)ကဆင့်​ပြန်​ခဲ့သည်​။သခင်​သည်​ တမန်​​တော်​မြတ်​(ဆွ)ထံပါးဝင်​​ရောက်​ခစားပြီးကျွန်ုပ်​အားဆုံးမစကားမြွက်​ ကြားပါဟု​လျှောက်​ထားရာအမိန့်​ရှိ​တော်​မူသည်​မှာမိမိလက်​များကိုထိန်းသိမ်းပါ။(ဆိုလိုသည်​မှာလက်​ဖြင့်​အခြားသူတစ်​ပါးအားဒုက္ခမဖြစ်​​စေနှင့်​)ကျွနု ​ပ်​က​လျှောက်​ထားသည်​။မိမိလက်​ကိုပင်​မထိန်းနိုင်​လျှင်​အခြားမည်​သည့်အရာကိုထိန်းနိုင်​ဦးမည်​နည်း။လက်​ကို​တော့ထိန်းချုပ်​ထားနိုင်​ပါသည်​ ။တမန်​​တော်​မြတ်​(ဆွ)ကမိမိနှုတ်​လျှာကို​ကောင်းစွာထိန်းသိမ်းပါ။ထိုအခါကျွနု​ပ်​ကမိမိနှုတ်​လျှာကို​ကောင်းစွာမထိန်းသိမ်းနိုင်​ ပါကအခြားမည်​သည်​အရာကိုထိန်းနိုင်​ဦးမည်​နည်း။(သ​ဘောကမိမိနှုတ်​ လျှာကိုထိန်းထားနိုင်​ပါသည်​ဟု​လျှောက်​ထားသည်​)ထိုအခါတမန်​​တော်​မြတ်​ (ဆွ)ကမိမိလက်​များကို​ကောင်း​သောလုပ်​ငန်းများ၌သာအသုံးချပါ။မိမိနှုတ်​ လျှာဖြင့်​​ကောင်း​သောစကားများကိုသာ​ပြောပါ။(သွဗ်​ရာနီ)

၁၁။ ဂျန္နသ်​သို့ဝင်​​ရောက်​နိုင်​ရန်

 ဟဇရသ်​ဗရာအ်​ဗင်​န်​အာဇိဗ်​(ရ​သွေ့)ကဆင့်​ပြန်​ခဲ့သည်​။ကျေး​တောသားတစ်​ ဦးသည်​တမန်​​တော်​မြတ်​(ဆွ)ထံပါးဝင်​​ရောက်​ခစားပြီးယာရစူလလ္လာဟ်​(ဆွ)ကျွန် ​​တော်​မျိုးဂျန္နသ်​သို့ဝင်​​ရောက်​နိုင်​ရန်​အတွက်​မည်​သည့်​အမလ်​ ကိုပြုကျင့်​ရမည်​ကိုညွှည်​ပြ​တော်​မူပါဟု​လျှောက်​ထားရာတမန်​​တော်​မြတ်​ (ဆွ)ကအချို့အချို့​သောအမလ်​များကို​ဖြေကြား​တော်​မူပါသည်​။ယင်းတို့အထဲတွင် ​​ကျေးကျွန်​များကိုသူ​ကောင်းပြုခြင်း၊အ​ကြွေးတင်​​နေ​သောသူ၏​ ကြွေးများကိုဆပ်​​ပေးခြင်းဖြင့်​၎င်း၏တာဝန်​ကို​ပေါ့ပါး​အောင်​ကူညီ​ပေးခြင်း၊မိမိတိရစ္ဆာန်​၏နို့ဖြင့်​အခြားသူများအကျိုးခံစား​စေရန်​​ပေးခြင်း၊၎င်းပြင်​ အခြားအလုပ်​များကိုလည်းညွှန်​ပြ​တော်​မူပြီး​နောက်​အမိန့်​ရှိ​တော်​မူသည်​ ။အသင်​သည်​ဤသည်​များကိုမပြုကျင့်​နိုင်​ပါကအနည်းဆုံးအားဖြင့်​မိမိနှုတ်​ လျှာကို​ကောင်းမွန်​​သောစကားများမှလွဲ၍အခြားမည်​သည့်​စကားမျှမဆိုမိရန်​ ထိန်းသိမ်းထားပါ။

Tuesday, February 25, 2014

၁၀။ မည်သည့်အမာလ်ကြောင့်

 ဟဇရဟ် အဗူဟုရိုင်ရဟ် (R) ကဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွ) အား ‘မည်သည့်အမာလ်ကြောင့် လူအများ ဂျနာသ်သို့ဝင်ရောက်ရမည်နည်း’ ဟုမေးလျှောက်ရာ တမန်တော်မြတ် (ဆွ) က အမိန့်ရှိတော်မူသည်မှာ ‘သက္က၀ါ (အလ္လာဟ်အရှင်မြတ်အားကြောက်ရွံ့မှု) နှင့် ကောင်းမွန်သောကိုယ်ကျင့်သီလတို့ဖြစ်သည်’ ဟု ဖြေကြားတော်မူသည်။ ၄င်းနောက် တမန်တော်မြတ်(ဆွ)အား ‘ မည်သည့်အမာလ်ကြောင့် လူအများဂျနာသ်သို့ လားရမည်နည်း’ ဟုမေးလျှောက်ရာ ‘ နှုတ်လျှာနှင့်အရှက်အင်္ဂါကြောင့်ဖြစ်သည်’ ဟုဖြေကြားတော်မူသည်။ (သစ်ရ်မိဇီ)

၉။ အနူးအညွတ်တောင်းပန်

  ဟဇရဟ် အဗူစအီဒ် ခွဒ်ရီ (R) ကဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွ) အမိန့်ရှိတော်မူသည်မှာ လူသားသည်နံနက်ခင်းသို့ရောက်လာလျှင် ၄င်း၏အင်္ဂါအစိတ်အပိုင်းများအားလုံးက နှုတ်လျှာကိုအနူးအညွှတ်ရိုသေစွာဖြင့်စကားဆိုကြသည်။ ‘ အသင်သည် အကျွန်ုပ်တို့နှင့် ပတ်သက်၍ အရှင်မြတ်အား ကြောက်ရွံ့ပါ။ အဘယ်ကြောင့်ဆိုသော် အကျွန်ုပ်တို့၏ လုပ်ဆောင်မှုများသည် အသင်နှင့်ပတ်သက်နေသည်။ အကယ်၍ အသင်သည် ဖြောင့်မတ်မှန်ကန်နေလျှင် ကျွန်ုပ်တို့သည်လည်းမှန်ကန်စွာရှိနေလိမ့်မည်။ အကယ်၍ အသင်သည် လွဲမှားချွတ်ချော်သွားခဲ့လျှင် အကျွန်ုပ်တို့သည်လည်း အသင်နှင့်အတူ လွဲမှားချွတ်ချော်သွားကြလိမ့်မည်။’ (၄င်းနောက် လွဲမှားမှု၏ အစားပေးခြင်းကိုခံကြရလိမ့်မည်။) (သစ်ရ်မိဇီ)

Sunday, February 23, 2014

၈။ ကောင်းသောစကားမှလွဲ၍

ဟဇရသ် အဗူစအီဒ်ခွဒ်ရီ (ရဒွိယလ်လာဟုအန်ဟု)ကဆင့်ပြန်ခဲ့သည်။ လူတစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံပါး ခစား၍ ယာရစူလလ္လာဟ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကျွန်ုပ်အား ဆုံးမစကားမြွက်ကြားတော်မူပါဟု လျှောက်ထားသည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ဆုံးမစကားအချို. မြွက်ကြားတော်မူသည်။ ၎င်းအထဲမှ တစ်ခုသည် ဤသို့ဖြစ်သည်။ မိမိ နှုတ်လျှာကို ကောင်းသောစကားမှ လွဲ၍ အခြားမည်သို့သော စကားမျိုးကိုမှ မပြောမိရန်ထိန်းသိမ်းပါ။ ဤသို့အားဖြင့် အသင်သည် ရှိုင်သွာန်ကို လွှမ်းမိုးနိုင်လိမ့်မည်။ (အဗူယအ်လာ)

Saturday, February 22, 2014

၇။ အစိတ်အပိုင်းနှစ်ခု

     ဟဇရသ် အဗူဟုရိုင်ရဟ် (ရဒွိယလ်လာဟုအန်ဟု) ကဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်  (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အမိန့်ရှိတော်မူသည်။ အလ္လာဟ်အရှင်မြတ်သည် အကြင်သူ၏ မေးရိုးနှင့်ပေါင်နှစ်ခုကြားမှ အင်္ဂါအစိတ်အပိုင်းများကို မကောင်းမှုများမှ ထိန်းသိမ်းပေးလျှင်(ဆိုလိုသည်မှာ နှုတ်လျှာ နှင့် အရှက်အင်္ဂါဖြစ်သည်) ထိုသူသည် ဂျန္နသ်ထဲသို့ ၀င်ရောက်ရစေမည်။

၆။ လွတ်မြောက်အောင်မြင်ရာလမ်း


ဟဇရသ် အွတ်က်ဗဟ်ဗင်န်အာမစ်ရ်(ရဒွိယလ်လာဟုအန်ဟု) က အမိန့်ရှိသည်မှာ ကျွန်ုပ်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား မေးလျှောက်တော်မူသည်။ အို တမန်တော် လွတ်မြောက်အောင်မြင်ရာလမ်းသည် မည်သို့နည်း။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က အမိန်.ရှိတော်မူသည်။ မိမိ၏ နှုတ်လျှာကို ထိန်းသိမ်းပါ။ မိမိအိမ်မှ အရေးအကြောင်းကိစ္စမရှိဘဲ အလဟဿ အပြင်သို့မထွက်လေနှင့်။ မိမိကျူးလွန်မိခဲ့သော အပြစ်ဂိုနာဟ်များအတွက် ငိုနေပါ။ (သစ်ရ်မေဇီ)
ရှင်းလင်းချက်။     ။မိမိနှုတ်လျှာကို ထိန်းသိမ်းပါဟု ဆိုရာတွင် ၎င်းနှုတ်လျှာကို လွဲမှားစွာအသုံးမပြုရန်ဖြစ်သည်။ဥပမာ နောက်ကွယ်အတင်းပြောခြင်း၊ ကုန်းချောခြင်း၊အလဟဿ အကျိုးမရှိသော စကားပြောခြင်း၊မလိုအပ်ဘဲ စကားပြောခြင်း၊ သတိထားဆင်ခြင်မှုမပြုဘဲ စကားအမျိုးမျိုးပြောခြင်း၊ အရှက်အကြောက်ကင်းမဲ့သော စကားများပြောခြင်း၊ ပြဿနာရှာသောစကားများပြောခြင်း၊ လူနှင့်တိရိစ္ဆာန်များကို ကျိန်ဆဲခြင်း၊ ဆဲရေးတိုင်းထွာခြင်း၊အချိန်တိုင်းကဗျာ ၊ လင်္ကာများ သီဆိုနေခြင်း၊ သရော်ပျက်ရယ်မှုပြုခြင်း၊ လျှို့ဝှက်သတင်းကို ဖော်ကောင်လုပ်ခြင်း၊ လိမ်ညာကတိပေးခြင်း ၊ မုသားကစမ်ကျိန်ဆိုခြင်း၊ စကားနှစ်ခွပြောခြင်း ၊အကြောင်းမဲ့ လူတဖက်သားအား ချီးကျူးခြင်း၊ အကြောင်းမဲ့ မေးမြန်းခြင်းတို့ဖြစ်သည်။

Monday, February 17, 2014

ဟဒီးဆ်တော်များ

မွန်သခဗ်အဟာဒီးဆ်                          (လာယာနီမှဝေးစွာရှောင်ကြဉ်ခြင်း)


ဟဒီးဆ်တော်များ(၅)
အစ္စလာမ်သာသနာ၏အရသာကိုမသိနိုင်

အစ္စလာမ်​သာသနာ၏အရသာကိုမသိနိုင်

ဟဇရဟ် အနတ်စ် ဗင်န် မာလစ်က် (ရဒွိယလ်လာဟုအန်ဟု) ကဆင့်ပြန်ခဲ့သည်။   
တမန်တော်မြတ် (ဆွလ္လလ္လာဟ်ဟုအလိုင်ဟိဝစလ္လမ်) အမိန့်ရှိတော်မူသည်မှာ 
့ဗန္ဓဟ်ကျေးကျွန်သည် မိမိနှုတ်လျှာကိုကောင်းစွာမထိန်းသိမ်းနိုင်သရွေ
အစ္စလာမ်သာသနာ၏အနှစ်သာရကိုမသိနိုင် (မရနိုင်သေး) ချေ။

(သွဗ်ရာနီ)

ဟဒီးဆ်တော်များ

မွန်သခဗ်အဟာဒီးဆ်                          (လာယာနီမှဝေးစွာရှောင်ကြဉ်ခြင်း)
ဟဒီးဆ်တော်များ(၃)

 နှုတ်လျှာကိုကောင်းစွာထိန်းသိမ်းပါ
ဟဇရဟ် ဟာရစ္စ် ဗင်န် ဟိရှားမ် (ရဒွိယလ်လာဟုအန်ဟု) ကဆင့်ပြန်ခဲ့သည်။ ထိုဆွဟာဗီက တမန်တော်မြတ်(ဆွလ္လလ္လာဟ်ဟုအလိုင်ဟိဝစလ္လမ်) အား ကျွန်ုပ်ကိုဆွဲမြဲစွာ ဆုပ်ကိုင်ထားရန် သာသနာ၏အချက်အလက်များကို ညွှန်ပြတော်မူပါဟု လျှောက်ထားရာ တမန်တော်မြတ် (ဆွ) က မိမိနှုတ်လျှာကိုညွှန်ပြ၍ အမိန့်ရှိတော်မူသည်မှာ ၄င်းကိုကောင်းစွာထိန်းသိမ်းပါ။

(သွဗ်ရာနီ)

ဟဒီးဆ်တော်များ

မွန်သခဗ်အဟာဒီးဆ်                          (လာယာနီမှဝေးစွာရှောင်ကြဉ်ခြင်း)
ဟဒီးဆ်တော်များ(၄)

           
အကောင်းဆုံးသောကျင့်စဉ်
ဟဇရဟ် အဗူဂျုဟိုင်ဖဟ်  (ရဒွိယလ်လာဟုအန်ဟု) ကဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟ်ဟုအလိုင်ဟိဝစလ္လမ်)ကဆွဟာဗဟ်များအား ‘အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် အမွန်မြတ်ဆုံးသောအာမလ်ကျင့်စဉ်သည် အဘယ်အရာပါနည်း’ ဟုမေးမြန်းတော်မူရာ အားလုံးကအဖြေမပေးပဲတိတ်ဆိတ်စွာနေကြသည်။ ထိုအခါတမန်တော်မြတ်(ဆွ) က အမိန့်ရှိတော်မူသည်။ ‘အကောင်းဆုံးသောကျင့်စဉ်သည် မိမိနှုတ်လျှာကိုထိန်းသိမ်းခြင်းဖြစ်သည်။ ’

(သွဗ်ရာနီ)

ဟဒီးဆ်တော်များ

မွန်သခဗ်အဟာဒီးဆ်                          (လာယာနီမှဝေးစွာရှောင်ကြဉ်ခြင်း)
ဟဒီးဆ်တော်များ(၃)

 နှုတ်လျှာကိုကောင်းစွာထိန်းသိမ်းပါ
ဟဇရဟ် ဟာရစ္စ် ဗင်န် ဟိရှားမ် (ရဒွိယလ်လာဟုအန်ဟု) ကဆင့်ပြန်ခဲ့သည်။ ထိုဆွဟာဗီက တမန်တော်မြတ်(ဆွလ္လလ္လာဟ်ဟုအလိုင်ဟိဝစလ္လမ်) အား ကျွန်ုပ်ကိုဆွဲမြဲစွာ ဆုပ်ကိုင်ထားရန် သာသနာ၏အချက်အလက်များကို ညွှန်ပြတော်မူပါဟု လျှောက်ထားရာ တမန်တော်မြတ် (ဆွ) က မိမိနှုတ်လျှာကိုညွှန်ပြ၍ အမိန့်ရှိတော်မူသည်မှာ ၄င်းကိုကောင်းစွာထိန်းသိမ်းပါ။

(သွဗ်ရာနီ)

Sunday, February 16, 2014

ဟဒီးဆ်တော်များ

မွန်သခဗ်အဟာဒီးဆ်                          (လာယာနီမှဝေးစွာရှောင်ကြဉ်ခြင်း)

ဟဒီးဆ်တော်များ (၁)
အကျိုးမရှိသောစကားများကိုစွန့်လွှတ်


ဟဇရဟ် အဗူဟုရိုင်ရဟ် (ရဒွိယလ်လာဟုအန်ဟု) ကဆင့်ပြန်ခဲ့သည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟ်ဟုအလိုင်ဟိဝစလ္လမ်) အမိန့်ရှိတော်မူသည်။ ‘ လူသားအဖို့
အစ္စလာမ်သာသနာ၏ကောင်းခြင်းများနှင့် ပြည့်စုံခြင်းရရှိရန်မှာ၎င်းသူသည် အလဟသ အချည်းနှီးအကျိုးမဲ့သောအလုပ်။ အကျိုးမရှိသောစကားများကို စွန့်လွှတ်မှသာဖြစ်သည်။ ’ ရှင်းလင်းချက်။ ။ ဆိုလိုသည်မှာ မလိုအပ်သောစကားမှရှောင်ခြင်း၊ အချည်းအနှီးအလုပ်မှဝေးကွာအောင်နေခြင်းသည် အီမာန်ပြည့်စုံမှု၏လက္ခဏာနှင့် အစ္စလာမ်၏လှပတင့်တယ်မှုဖြစ်သည်။"

ကုရ်အာန်ဧ။်အာယတ်တော်များ

မွန်သခဗ်အဟာဒီးဆ်                          (လာယာနီမှဝေးစွာရှောင်ကြဉ်ခြင်း)

ကုရ်အာန်ဧ။်အာယတ်တော်များ(၇)



(ရ) ထိုမနုသလူသားသည် (နှုတ်ဖြင့်) မည်သည့်စကားကိုမျှ မြွက်ဟသည်ဟူ၍မရှိချေ။ သို့ရာတွင် ချောင်းမြောင်းနေသူတစ်ဦးသည် ၄င်း၏အနီး၌ပင် အသင့်ရှိနေ၏။
                                    ကုရ်အာန် (၅၀း၁၈)

ကုရ်အာန်ဧ။်အာယတ်တော်များ

မွန်သခဗ်အဟာဒီးဆ်                          (လာယာနီမှဝေးစွာရှောင်ကြဉ်ခြင်း)

ကုရ်အာန်ဧ။်အာယတ်တော်များ(၆)

 ‘ ထို့ပြင် ၄င်းတို့မှ အချည်းနှီသောစကားကိုကြားကြလေသောအခါ ထိုစကားဖျင်းမှ မျက်နှာလွဲဆုတ်ခွာသွားကြသည်။’           (ကုရ်အာန်၊ ၂၈း ၅၅)

ကုရ်အာန်ဧ။်အာယတ်တော်များ

မွန်သခဗ်အဟာဒီးဆ်                          (လာယာနီမှဝေးစွာရှောင်ကြဉ်ခြင်း)

ကုရ်အာန်ဧ။်အာယတ်တော်များ(၅)

  ‘ အို- မုအ်မင်န်သက်ဝင်ယုံကြည်သူအပေါင်းတို့!
အကယ်၍ စာရိတ္တ’ဖောက်ပြန်သူတစ်ဦးတစ်ယောက်သည် အသင်တို့ထံတစ်စုံတစ်ရာ သတင်းကို ယူဆောင်လာခဲ့သည်ရှိသော် အသင်တို့သည်မသိဘဲလျှက် လူမျိုးတစ်မျိုးကို အန္တာရာယ်မပြုမိကြရန် (ယင်းသတင်း) မှန်မမှန်ကို (စူးစမ်း) စစ်ဆေးကြလေကုန်။ (သို့မဟုတ်လျှင်) အသင်တို့သည် မိမိတို့ပြုမိခဲ့ကြသောကိစ္စကြောင့်ကြေကွဲကြရပေမည်။’
                                                                          (ကုရ်အာန်၊ ၄း ၉၆)

Tuesday, February 11, 2014

ကုရ်အာန်ဧ။်အာယတ်တော်များ

မွန်သခဗ်အဟာဒီးဆ်                          (လာယာနီမှဝေးစွာရှောင်ကြဉ်ခြင်း)

ကုရ်အာန်ဧ။်အာယတ်တော်များ(၁)
(၄)  “၄င်းပြင် တိုသူတို့သည် မုသားသက်သေခံကြသည်လည်းမဟုတ်ပေ။ ထိုမှတစ်ပါး ၄င်းတို့သည် အချည်းနှီးသောအမှုကိစ္စတို့၏အပါးမှဖြတ်သန်း၍သွားကြလေသောအခါ  (မျက်နှာအောက်စိုက်၍) အိနြေ္ဒရှိသူပီပီ အခြားဘက်သို့လှည့်သွားကြကုန်၏။”  (ကုရ်အာန် ၂၅း ၇၂)

Monday, February 10, 2014

ကုရ်အာန်ဧ။်အာယတ်တော်များ

မွန်သခဗ်အဟာဒီးဆ်                          (လာယာနီမှဝေးစွာရှောင်ကြဉ်ခြင်း)

ကုရ်အာန်ဧ။်အာယတ်တော်များ(၁)


(၃)  အသင်တို့သည် မိမိတို့မသိမမြင်သော မကောင်းသတင်းကို မိမိတို့လျှာများဖြင့် မြွက်ဆိုနေခဲ့ကြကုန်၏။ ထိုမှတစ်ပါး အသင်တို့သည် ယင်းအပြုအမှုကိုပေါ့ပေါ့ဆဆဟု ထင်မှတ်နေကြကုန်၏။ အမှန်စင်စစ်သော်ကား ယင်းအပြုအမှုသည် အလ္လာဟ်အရှင်မြတ်ထံတော်၌ အလွန်ကြီးလေးလှသော အပြုအမှုပင်ဖြစ်ချေသတည်း။ ၄င်းပြင် အသင်တို့သည် ယင်းမုသားစွပ်စွဲချက်ကိုကြားခဲ့သောအခါ “ အို-အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်သည် စင်ကြယ်သန့်ရှင်းတော်မူပါ၏။ ကျွန်ုပ်တို့သည် ဤသည်ကို (မိမိတို့နှုတ်လျှုာဖြင့်) ပြောဆိုကြရန် အလျင်းမထိုက်။ ဤသည်ကြီးလှစွာသောသွားပုပ်လေလွင့်မတရားပြောဆိုချက်များဖြစ်ပေသည်ဟု အဘယ်ကြောင့် မပြောဆိုခဲ့ကြသနည်း။ အကယ်၍အသင်တို့သည် မုအ်မင်န်သက်ဝင်ယုံကြည်သူများဖြစ်ကြပါလျှင် အသင်တို့သည် ယင်းကဲ့သို့သောအပြုအမူမျိုးကို နောက်ထပ်၍မပြုရန် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ဆုံးမတော်မူလေသည်။” (ကုရ်အာန် ၁၄း ၁၅း ၁၆း ၁၇)

ကုရ်အာန်ဧ။်အာယတ်တော်များ

မွန်သခဗ်အဟာဒီးဆ်                          (လာယာနီမှဝေးစွာရှောင်ကြဉ်ခြင်း)


ကုရ်အာန်ဧ။်အာယတ်တော်များ(၁)

(၂) “၄င်းပြင် ထို (မုအ်မင်န်သက်ဝင်ယုံကြည်) သူတို့သည် အချည်းနှီးအကျိုးမဲ့သော စကားပြောဆိုခြင်းမှရှောင်ဖယ်သူများလည်း ဖြစ်ကြကုန်၏။ (ကုရ်အာန် ၂၃း ၃)

ကုရ်အာန်ဧ။်အာယတ်တော်များ

မွန်သခဗ်အဟာဒီးဆ်                          (လာယာနီမှဝေးစွာရှောင်ကြဉ်ခြင်း)

ကုရ်အာန်ဧ။်အာယတ်တော်များ(၁) (၁) “ ၄င်းပြင် (အို…နဗီတမန်တော်) ငါအရှင်မြတ်၏ (မွတ်စလင်မ်) ကျွန်များအား အကောင်းဆုံးသောစကားများကိုသာပြောဆိုကြရန် အသင်ပြောကြားပါလေ။ ဧကန်အမှန် ရှိုင်သွာန် မိစ္ဆာကောင်သည် ၄င်းတို့၏စပ်ကြားတွင် နှောင့်ယှက်ဖျက်ဆီးလေ့ရှိပေသည်။ မလွဲဧကန် ရှိုင်သွာန်မိစ္ဆာကောင်သည် စိတ်ခုစိတ်နာစရာစကားအားဖြင့် အချင်းချင်းရန်ပွားစေသည်။ မလွဲဧကန် ရှိုင်သွာန်မိစ္ဆာကောင် ၏ အလွန်ထင်ရှားသောရန်သူပင်ဖြစ်ချေသတည်း။" (ကုရ်အာန်၊၁၇း၅၃)