Tuesday, February 25, 2014
၉။ အနူးအညွတ်တောင်းပန်
ဟဇရဟ် အဗူစအီဒ် ခွဒ်ရီ (R) ကဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွ) အမိန့်ရှိတော်မူသည်မှာ လူသားသည်နံနက်ခင်းသို့ရောက်လာလျှင် ၄င်း၏အင်္ဂါအစိတ်အပိုင်းများအားလုံးက နှုတ်လျှာကိုအနူးအညွှတ်ရိုသေစွာဖြင့်စကားဆိုကြသည်။ ‘ အသင်သည် အကျွန်ုပ်တို့နှင့် ပတ်သက်၍ အရှင်မြတ်အား ကြောက်ရွံ့ပါ။ အဘယ်ကြောင့်ဆိုသော် အကျွန်ုပ်တို့၏ လုပ်ဆောင်မှုများသည် အသင်နှင့်ပတ်သက်နေသည်။ အကယ်၍ အသင်သည် ဖြောင့်မတ်မှန်ကန်နေလျှင် ကျွန်ုပ်တို့သည်လည်းမှန်ကန်စွာရှိနေလိမ့်မည်။ အကယ်၍ အသင်သည် လွဲမှားချွတ်ချော်သွားခဲ့လျှင် အကျွန်ုပ်တို့သည်လည်း အသင်နှင့်အတူ လွဲမှားချွတ်ချော်သွားကြလိမ့်မည်။’ (၄င်းနောက် လွဲမှားမှု၏ အစားပေးခြင်းကိုခံကြရလိမ့်မည်။) (သစ်ရ်မိဇီ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment