Thursday, April 3, 2014
၁၇။ နှုတ်ဆိတ်နေလျှင်
ဟဇရသ် အဗ်ဒွလ္လာဟ်ဗင်န်အမ်ရ်(ရသွေ့)က ဆင့်ပြန်ခဲ့သည် တမန်တော်မြတ်(ဆွ) အမိန့်ရှိတော်မူသည်။ အကြင်သူသည် နှုတ်ဆိတ်နေလျှင် ထိုသူသည် လွတ်မြောက်အောင်မြင်သွားသည်။
ရှင်းလင်းချက်။ ။ ဆိုလိုသည်မှာ အကြင်သူသည် မကောင်းသော စကားနှင့် အလဟဿ အချည်းနှီးသော စကားများပြောဆိုခြင်းမှ ရှောင်ကြဉ်ခဲ့လျှင် ထိုသူသည် ဒွန္နယာနှင့်အာခိရသ်နှစ်ဌာနစလုံး၏ ပြဿနာများ၊ဘေးဒုက္ခများနှင့် ဆုံးရှူံးနစ်နာမှုအလုံးစုံမှ လွတ်မြောက်မှုရရှိမည်။ အဘယ်ကြောင့်ဆိုသော် ဘေးဒုက္ခများနှင့် အန္တရာယ်များ၌ နစ်မြှုပ်နေသော လူသားများ ထိုသို့ခံစားနေရမှု၏ အကြောင်းခံသည် အများအားဖြင့် နှုတ်လျှာ၏ မဆင်ခြင်မှုများကြောင့်ဖြစ်ရပေသည်။ (မစ်ရ်ကာသ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment