လာရာနီမှ ဝေးစွာရှောင်ကြဉ်ခြင်း
Thursday, April 3, 2014
၁၇။ နှုတ်ဆိတ်နေလျှင်
ဟဇရသ် အဗ်ဒွလ္လာဟ်ဗင်န်အမ်ရ်(ရသွေ့)က ဆင့်ပြန်ခဲ့သည် တမန်တော်မြတ်(ဆွ) အမိန့်ရှိတော်မူသည်။ အကြင်သူသည် နှုတ်ဆိတ်နေလျှင် ထိုသူသည် လွတ်မြောက်အောင်မြင်သွားသည်။
ရှင်းလင်းချက်။ ။ ဆိုလိုသည်မှာ အကြင်သူသည် မကောင်းသော စကားနှင့် အလဟဿ အချည်းနှီးသော စကားများပြောဆိုခြင်းမှ ရှောင်ကြဉ်ခဲ့လျှင် ထိုသူသည် ဒွန္နယာနှင့်အာခိရသ်နှစ်ဌာနစလုံး၏ ပြဿနာများ၊ဘေးဒုက္ခများနှင့် ဆုံးရှူံးနစ်နာမှုအလုံးစုံမှ လွတ်မြောက်မှုရရှိမည်။ အဘယ်ကြောင့်ဆိုသော် ဘေးဒုက္ခများနှင့် အန္တရာယ်များ၌ နစ်မြှုပ်နေသော လူသားများ ထိုသို့ခံစားနေရမှု၏ အကြောင်းခံသည် အများအားဖြင့် နှုတ်လျှာ၏ မဆင်ခြင်မှုများကြောင့်ဖြစ်ရပေသည်။ (မစ်ရ်ကာသ်)
Wednesday, March 12, 2014
၁၆။ အထူးသနားကြင်နာတော်မူပါစေ
ဟဇရသ် ဟစန်(ရဟ်မသွလ္လာ အလိုင်း)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွ) ၏ ဟဒီးဆ်တော်တစ်ပုဒ်ကို ကျွန်ုပ်ကြားသိခဲ့သည်။ တမန်တော်မြတ်(ဆွ) အမိန့်ရှိတော်မူသည်မှာ အလ္လာဟ်(စွဗ်ဟာနာသအာလာ)သည် အကြင်ပုဂ္ဂိုလ်အား အထူးသနားကြင်နာတော်မူပါစေ။ ထိုသူသည် ကောင်းသောစကားများကို ပြောဆိုခြင်းအားဖြင့် ဒွန္နယာအာခိရသ် နှစ်ဌာန စလုံး၌ အကျိုးအမြတ်ခံစားရလေသည်။ သို့မဟုတ်က နှုတ်ဆိတ်နေခြင်းအားဖြင့် မိမိနှုတ်လျှာ၏ ချွတ်ချောမှုများမှ လွတ်မြောက်သွားသည်။
Tuesday, March 11, 2014
၁၅။ နဖူးစာကောင်းခြင်းနှင့်နဖူးစာဆိုးခြင်း
ဟဇရသ်အဒီဗင်န်ဟာသင်မ်(ရသွေ့)ကအမိန့်ရှိသည်။တမန်တော်မြတ်
(ဆွ)အမိန့်ရှိတော်မူသည်မှာလူသားအဖို့နဖူးစာကောင်းခြင်းနှင်
့နဖူးစာဆိုးခြင်းသည်ထိုသူ၏မေးရိုးနှစ်ခုကြားတွင်ရှိသည်။(ဆိုလိုသည်
မှာနှုတ်လျှာကိုကောင်းမွန်မှန်ကန်စွာအသုံးချခြင်းသည်နဖူးစာကောင်
းခြင်းနှင့်နှုတ်လျှာကိုလွဲမှားစွာအသုံးချခြင်းသည်နဖူးစာဆိုးခြင်း၏
ကြောင်းခံများဖြစ်သည်။) (သစ်ရ်မေဇီ)
၁၄။ အစ္စသစ်ဂ်ဖာရ်
ဟဇရသ်ဟုဇိုင်ဖဟ်(ရသွေ့)ကအမိန့်ရှိသည်။ကျှန်ုပ်သည်မိမိနှုတ်
လျှာဖြင့်မိမိအိမ်သူအိမ်သားများကိုများစွာမကောင်းပြောဆို
လေ့ရှိခဲ့သည်။ထို့ကြောင့်ကျွန်ုပ်သည်တမန်တော်မြတ်
(ဆွ)ထံပါး၌ကျွန်ုပ်၏နှုတ်လျှာသည်ကျွန်ုပ်ကိုဂျဟန္နမ်သို့ဆွဲချသွားမည်
ကိုအလွန်ကြောက်ရွံ့နေပါသည်ဟုလျှောက်ထားရာတမန်တော်မြတ်(ဆွ)ကအသင်
သည်အစ္စသစ်ဂ်ဖာရ်(တောင်းပန်မှု)ကိုမည်သည့်နေရာ၌ထားလိုက်သနည်
း။(ဆိုလိုသည်မှာအစ္စသစ်ဂ်ဖာရ်အဘယ်ကြောင့်မပြုသနည်း)ဤသို့ဖြင့်အသင်
၏နှုတ်လျှာ၏ပြုပြင်မှုရနိုင်မည်။ကျွန်ုပ်ကိုယ်တိုင်သည်နေ့စဉ်
အစ္စသစ်ဂ်ဖာရ်(၁၀၀)ဖတ်လေ့ရှိသည်။(အဟ်မဒ်ကျမ်း)
၁၃။ နှုတ်လျှာ၏အာကြမ်းလျှာကြမ်းမှု
ဟဇရသ်အတ်စ်လမ်(ရဟ)ကဆင့်ပြန်ခဲ့သည်။ဟဇရသ်အဗူဗကရ်(ရသွေ့)သည်
မိမိနှုတ်လျှာကိုဆွဲကိုင်နေသည်ကိုဟဇရသ်အုမရ်(ရသွေ့)ကတွေ့မြင်
သောအခါအလ္လာဟ့်ရစူလ်၏ခလီဖဟ်၊အသင်ဤအမှုကိုအဘယ်ကြောင့်ပြုနေပါသနည်းဟု
မေးမြန်းရာဟဇရသ်အဗူဗကရ်(ရသွေ့)ကဤနှုတ်လျှာသည်ပင်ကျွန်ုပ်အားပျက်
စီးစေမည့်အမှုကိစ္စများ၌နစ်မွန်းစေရန်ဆွဲခေါ်လေ့ရှိသည်။တမန်တော်
မြတ်(ဆွ)အမိန့်ရှိတော်မူသည်မှာနှုတ်လျှာ၏မကောင်းပြောဆိုမှု(အာကြမ်
းလျှာကြမ်းမှု)နှင့်ပတ်သက်၍ပြစ်တင်ဝေဖန်ခြင်းမပြုသည့်ကိုယ်
ခန္ဓာအစိတ်အပိုင်းဟူ၍မရှိပေ။(ဗိုင်ဟကီ)
၁၂။ ကောင်းသောစကားသာပြောဆိုပါ
ဟဇရသ်အတ်စ်ဝဒ်ဗင်န်အဆ်ွရမ်(ရသွေ့)ကဆင့်ပြန်ခဲ့သည်။သခင်သည်
တမန်တော်မြတ်(ဆွ)ထံပါးဝင်ရောက်ခစားပြီးကျွန်ုပ်အားဆုံးမစကားမြွက်
ကြားပါဟုလျှောက်ထားရာအမိန့်ရှိတော်မူသည်မှာမိမိလက်များကိုထိန်းသိမ်
းပါ။(ဆိုလိုသည်မှာလက်ဖြင့်အခြားသူတစ်ပါးအားဒုက္ခမဖြစ်စေနှင့်)ကျွနု
ပ်ကလျှောက်ထားသည်။မိမိလက်ကိုပင်မထိန်းနိုင်လျှင်အခြားမည်သည်
့အရာကိုထိန်းနိုင်ဦးမည်နည်း။လက်ကိုတော့ထိန်းချုပ်ထားနိုင်ပါသည်
။တမန်တော်မြတ်(ဆွ)ကမိမိနှုတ်လျှာကိုကောင်းစွာထိန်းသိမ်
းပါ။ထိုအခါကျွန်ုပ်ကမိမိနှုတ်လျှာကိုကောင်းစွာမထိန်းသိမ်းနိုင်
ပါကအခြားမည်သည်အရာကိုထိန်းနိုင်ဦးမည်နည်း။(သဘောကမိမိနှုတ်
လျှာကိုထိန်းထားနိုင်ပါသည်ဟုလျှောက်ထားသည်)ထိုအခါတမန်တော်မြတ်
(ဆွ)ကမိမိလက်များကိုကောင်းသောလုပ်ငန်းများ၌သာအသုံးချပါ။မိမိနှုတ်
လျှာဖြင့်ကောင်းသောစကားများကိုသာပြောပါ။(သွဗ်ရာနီ)
၁၁။ ဂျန္နသ်သို့ဝင်ရောက်နိုင်ရန်
ဟဇရသ်ဗရာအ်ဗင်န်အာဇိဗ်(ရသွေ့)ကဆင့်ပြန်ခဲ့သည်။ကျေးတောသားတစ်
ဦးသည်တမန်တော်မြတ်(ဆွ)ထံပါးဝင်ရောက်ခစားပြီးယာရစူလလ္လာဟ်(ဆွ)ကျွန်
တော်မျိုးဂျန္နသ်သို့ဝင်ရောက်နိုင်ရန်အတွက်မည်သည့်အမလ်
ကိုပြုကျင့်ရမည်ကိုညွှည်ပြတော်မူပါဟုလျှောက်ထားရာတမန်တော်မြတ်
(ဆွ)ကအချို့အချို့သောအမလ်များကိုဖြေကြားတော်မူပါသည်။ယင်းတို့အထဲတွင်
ကျေးကျွန်များကိုသူကောင်းပြုခြင်း၊အကြွေးတင်နေသောသူ၏
ကြွေးများကိုဆပ်ပေးခြင်းဖြင့်၎င်း၏တာဝန်ကိုပေါ့ပါးအောင်ကူညီပေးခြင်
း၊မိမိတိရစ္ဆာန်၏နို့ဖြင့်အခြားသူများအကျိုးခံစားစေရန်ပေးခြင်း၊၎င်းပြင်
အခြားအလုပ်များကိုလည်းညွှန်ပြတော်မူပြီးနောက်အမိန့်ရှိတော်မူသည်
။အသင်သည်ဤသည်များကိုမပြုကျင့်နိုင်ပါကအနည်းဆုံးအားဖြင့်မိမိနှုတ်
လျှာကိုကောင်းမွန်သောစကားများမှလွဲ၍အခြားမည်သည့်စကားမျှမဆိုမိရန်
ထိန်းသိမ်းထားပါ။
Subscribe to:
Comments (Atom)